top of page
PrEP.jpg

PrEP ပိုးမထိတွေ့မှီ ကြိုသောက်သောဆေး

PrEP ဟု ပိုးမထိတွေ့မှီ ကြိုသောက်သောဆေးသည်  

HIV ကူးစက်ခြင်းကို ကာကွယ်ရန် ကုသသည့် နည်း လမ်းတခုဖြစ်သည်။ ဤနည်းဟာ PrEP ဆေးကို သောက်သုံးသောနည်းပါ။ တနေ့လျှင် ဆေးတလုံး ထဲ၌ အမျိုးအစား ၂ မျိုး ပါ၀င်ပေါင်းစပ်ထားသော ဆေးကို နေ့တိုင်းသောက်ခြင်း သို့မဟုတ် လိင်မ ဆက်ဆံမှီ နှင့် လိင်ဆက်ဆံပြီး “လိုအပ်သလောက်” (လိင်မဆက်ဆံမှီ ၂ မှ ၂၄ နာရီ အတွင်း ဆေး ၂ လုံး သောက်ပါ။ ပထမ ၂ လုံးသောက်ပြီး ၂၄ နာရီကြာပြီး နောက် တတိယမြောက် ဆေးကို ဆက်သောက် လိုက်ပါ။ နောက်ထပ် ၂၄ နာရီအချိန်တွင် စတုတ္ထ မြောက် ဆေးကို သောက်လိုက်။ ဆရာ၀န်က ဆေး ကို ညွှန်းကြားပေးမည်။ လက်ရှိအချိန်တွင် သောက် သုံးရန် အကြံပြုထားသော ဆေး ၂ မျိုးမှာ အမ်ထ ရီစီတာပင်း emtricitabine (FTC)၊ ထီနိုဖို၀ီယာ တစ်ဆိုပလိုဆိုင်း ဖူမာလိတ် tenofovir disoproxil fumarate [TDF] ဖြစ်သည်။ အဆိုပါဆေးများ သည် ထိုင်းနိုင်ငံအတွင်း၌ တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချနေပါသည်။ (Truvada ထူ၀ါတ, Teno-EM ထီနို-အီးအမ်, Tenof-EM and Ricovir-EM ထီနော့ပ်-အီးအမ် နှင့် ရီကိုဗီးယား) 

bottom of page