top of page

အသည်းရောင် အသား၀ါ ဘီပိုး ဆိုသည်မှာ အ ဘယ်နည်း။?

အသည်းရောင် အသား၀ါ ဘီပိုးသည် ပိုးကြောင့် ကူးစက်ခံပြီး များသောအားဖြင့် ပိုးတွေကအသည်း တွင် ပုံတူပွားများပြီး အသည်းရောင် အသား၀ါဘီ ပိုး (HBV) ဟုခေါ် သည်။ ပိုးသည် အခြား လူစီသို့ လွယ်ကူစွာ ကူးစက်ပျံ့နှံ့စေသည်။ မွေးကင်းစ က လေးတွေကို မွေးဖွားချိန်မှာ ဘီပိုး ကူးစက်ခံရလျှင် နာတာရှည် ရောဂါပိုး ကူးစက်ခြင်း ဖြစ်တတ် ပါ သည်။ လက်ရှိအချိန်တွင် ကမ္ဘာတ၀ှမ်း၌ နာတာ ရှည် အသည်းရောင် အသား၀ါ ဘီပိုး ကူးစက်ခံ ထား သော လူသန်းပေါင်း ၂၉၆  ယောက်ရှိပြီး အများစုသည် အာရှ နှင့် အဖရိက တိုက်တွင်ရှိသော ဆာဟာရန် သဲကန္တရအောက်ပိုင်း တွင်ရှိသော နိုင်ငံများတွင် ပိုတွေ့ရှိသည်။  နာတာ ရှည် ရောဂါကူးစက်ခြင်းသည် hepatocytes ဟု ခေါ် သည့် အသည်း၏ဆဲလ်တွေကို ရောင်ရမ်းစေ ခြင်း နှင့် သွေးအမျှင် သေစေခြင်းကြောင့် အသည်း မာကြောခြင်း နှင့်/သို့မဟုတ် hepatocarcinoma ဟုခေါ် သည့် အသည်းကင်ဆာကို ဖြစ်စေနိုင်သည်။​

မွေးကင်းစ ကလေးနှင့် ကလေးငယ်များသည် ပိုး ကူးစက်ခံပြီးနောက် နာတာရှည် ပိုးကူးစက်မှုခြင်း  သိပ်မတွေ့ရပါ။ အဘယ်ကြောင့် ဆိုတော့ နှစ်ပေါင်း များစွာ ဘာလက္ခဏာမှ မပြပဲ ရှိတတ်ပါသည်။ ကာ ကွယ်ဆေး မထိုးသော လူကြီးက ပြင်းထန်သော အသဲရောင် အသား၀ါ ဘီပိုးကူးစက်ပါက (အဖျားရှိ ခြင်း၊ အသား၀ါြခင်း၊ မောပန်းနွန်းနယ်ခြင်း) စသည် လက္ခဏများဖြစ်တတ်ပြီး သေဆုံးစေနိုင်သော အ ကြောင်းရင်း ဖြစ်ပါသည်။ ရောဂါပိုး ကူးစက်သူ ၅% ခန့် က နာတာရှည် ရောဂါ ဖြစ်လာနိုင်သည်။

 

ကူးစက်ခြင်း ​

အသည်းရောင် အသား၀ါ ဘီပိုးသည် လူ့ခန္ဓာပြင်ပ မှ ၇ ရက်ခန့်ကြာ ပိုး အသက်ရှင် နိုင်ပြီး ထိုကာလ အတွင်း ပိုး ကူးစက် နိုင်သည်။

အသည်းရောင် အသား၀ါ ဘီပိုးသည် ခုခံအားနည်း သော သူစီသို့ ပိုမိုကူးစက်လွယ်စေသည်။ ပိုးသည် သွေး၊ သုတ်ရည် အခြားသောအရည်မှတဆင့် သံရာရှိသော ပေါက်ပြဲသော အရေပြားမှတဆင့် ကူးစက်စေသည်။

ပိုးသည် များသောအားဖြင့် အောက်ပါ ဖြစ်ရပ်များ မှ ကူးစက်စေသည်။:

  • မွေးဖွားချိန်တွင် ပိုးရှိသော မိခင်မှ ကလေး ဆီသို့ ကူးစက်စေခြင်း။

  • ခုခံအား မရှိသေးသော မွေးကင်းစ က လေးကို ပိုးကူးစက် ခံထားသော သူမှ ကလေးကို နီးကပ်စွာ နေခြင်း။

  • ပိုးရှိသော လိင်ဆက်ဆံဖော်မှတဆင့် လိင် ဆက်ဆံခြင်း။

  • ပိုးရှိသောသွေးနှင့်စွန်းသည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အသုံးပြုခြင်း။

  • ပိုးရှိသောသူ အသုံးပြုထားသော ပစ္စည်း ကိရိယာများ ဥပမာ - မုတ်ဆိတ်ရိတ်ဓါး များအသုံးပြုခြင်း။

  • ပိုးရှိသောသွေးနှင့် ညစ်ပေသည့် အပ် ချောင်းထိုးမိခြင်း (သို့) အနာြဖစ်သော နေရာမှတဆင့် ပိုးထိတွေ့ခြင်း။

 

အသည်းရောင် အသား၀ါ ဘီပိုးသည် ချောင်းဆိုး ခြင်း၊ တယောက်နှင့် ဖက်ခြင်း (သို့) မိခင်ကလေး နို့ တိုက်ခြင်းကို ပိုးမကူးစက်ပါ။ နှမ်းခြင်း (သို့) မီးဖို ချောင်ထဲရှိ အသုံးအဆောင်များ မျှ​၀ေသုံးစွဲခြင်း လည်းပိုးမကူးနိုင်ပါ။

 

ကာကွယ်ခြင်း

ပုံမှန်အားဖြင့် ဘယ်သူက အသည်းရောင် အသား၀ါ ဘီပိုးဖြစ်နေတယ်ဆိုတာ မသိနိုင်ပါ။ ဒါကြောင့်မို့လို့ တသက်လုံး အကောင်းဆုံးကာကွယ်နိုင်သော နည်း လမ်းကတော့ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။

အသည်းရောင် အသား၀ါ ဘီပိုးအတွက်  ကာကွယ် ဆေးသည် ၁၉၈၀ အစောပိုင်း ကတည်းက စတင် အသုံးပြုသည်။ ဤဆေးသည် လုံခြုံမှုရှိခြင်းနှင့် စျေးနှုန်းလည်း  သက်သာပြီး ကူးစက်မှုကိုလည်း ထိရောက်စွာ ကာ ကွယ်နိုင်သော ကာကွယ်ဆေးဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြုချက်အရ မွေးကင်း စ ကလေးများအတွက် ကာကွယ်ဆေးကို မွေးကင်း ချိန်တွင် ပထမတကြိမ်ထိုးခြင်း၊ ပြီးနောက် နောက် ၆ လ အတွင်း နောက်ထပ် နှစ်ကြိမ်ဆက်ထိုးရပါမည်။ ကြီး သောကလေး နှင့် လူကြီးများအတွက်က ၃ ကြိမ် ထိုးရပါမည်။ တကြိမ်နှင့် တကြိမ်ကြားတွင် သင့်တော် အောင် ခြားပေးရပါမည်(အနည်းဆုံး ၁ လခြားရန်)

 

ကုသမှု

နာတာရှည် အသည်းရောင် အသား၀ါ ကူးစက်ခြင်း သည် သောက်ဆေးဖြင့် ကုသနိုင်သည်။ ဤကုသမှု သည် အသည်း၌ ဖြစ်ပေါ် နိုင်သော နောက်ဆက်ဆိုး ကျိုးဖြစ်သည့် ဥပမာ အသဲမာြခင်း၊ အသဲကင်ဆာ ဖြစ်ခြင်းကို ကာကွယ်နိုင်သည်။ သို့သော်လည်း ဤပုံမှန်ကုထုံးသည် ပိုးကောင်ရေ တိုးပွားမှုကို လုံး၀ ရပ်တန့်စေနိုင်မည်မဟုတ်ပါ။ ဒါကြောင့် ကုသမှုကို လုံး၀ရပ်နားလို့မရနိုင်ပါ အဘယ်ကြောင့် ဆိုတော့ ပိုးကောင်ရေများ နောက်ထပ်တကြိမ် ပြန် လည်တိုးပွားလာစေနိုင်သည်။

bottom of page