top of page

မျောက်ကျောက်ရောဂါ ဆိုတာ ဘာလဲ?

ဤရောဂါတွင် ဗိုင်းရပ်ကြောင့် ဖြစ်ပွား သောရောဂါတမျိုးဖြစ်သည်။ ရောဂါပိုး ရှိသူ မှတဆင့် အခြားလူတဦးစီသို့ ကူးစက်စေ နိုင်သည်။ ဤရောဂါသည် မျောက် နှင့် အခြား တိရစ္ဆာန်များတွေလဲ ကူးစက်နိုင် သော်လည်း ယခုအချိန်အထိ လူတဦးမှ အခြားတဦးစီသို့ ကူးစက်တတ်သော ရောဂါသာဖြစ်သည်။

  

မျက်မှောက်ကာလအချိန်တွင် မျောက် ကျောက်ရောဂါကို ကမ္ဘာတဝှမ်းမှာ တွေ့ရှိရ သည်။ ကူးစက်နိုင်သောနည်းလမ်းက ရော ဂါပိုးရှိသူ၏

 

  • အရေးပြားကိုထိတွေ့ ခြင်း

  • ရောဂါပိုးရှိသူနှင့် ဥပမာညစ်ပေ သောအဝတ်အစား၊ အိပ် ယာခင်း နှင့် မျက်နှာသုတ်ပုဝါများကို မျှဝေ သုံးစွဲခြင်း။

  • အချိန်ကြာမြင့်စွာမျက်နှာခြင်းဆိုင်ပြီးထိုင်စကားပြောခြင်း။

  

မျောက်ကျောက်ရောဂါကူးစက် ခြင်းကို ဘယ်လိုသိနိုင်မလဲ။?

ရောဂါကူးစက်သူသည် အဖျားတက်ခြင်း၊ ခန္ဓာကိုယ်တွင် ရက်သတ်တပါတ်များစွာ အဖုအပိန့် ထွက်ခြင်း။ အကြိတ် ရောင်ရမ်း ခြင်းရှိသည်။

  

ဒီမျောက်ကျောက်ရောဂါသည် များသောအားဖြင့် အန္တရာယ်မကြီးသော်လည်း လူအ များစုမှာ ပျော့ပျောင်းသောလက္ခဏာ ဖြစ်တတ်သည်။ သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ မွေးကင်းစကလေးများ၊ ကလေးငယ်များနှင့် အေ့စ်အိုင်ဗွီပိုးကူး စက်ခံရသူများတွင် သေဆုံးစေနိုင်ပြီး ပြင်းထန်သည့်အန္တရာယ်မျိုးများရှိ တတ်ပါ သည်။ 

  

ရောဂါစစ်ဆေးရန် အတွက် PCR ဖြင့် ဒါဏ်ရာရှိရာ နေရာများတွင် နမူနာယူပြီး စစ်ဆေးသည့်နည်းလမ်းကိုပြုလုပ်ရပါသည်။

ကုသသောနည်းလမ်းသည် က နေ့ချိန်အထိ သီးခြားပုံသေကုသမှု ဟူ၍မရှိသေးပါ။ ရောဂါပိုး ကူးစက်သူ၏ ဖြစ်ပေါ်သောလက္ခဏာပေါ်မူတည်ပြီး ကြည့်၍ ကုသရပါ သည်။ ရောဂါကူးစက်နေစဉ် (3 ပါတ် ခန့် ) Qဟုသောသီးခြားနေထိုင်မှုပြုလုပ်ရန် အကြံပြုခြင်းခံရလိမ့်မည်။ ရောဂါပိုးရှိသူများနှင့် နီးကပ်စွာထိတွေ့နေထိုင်သူများ အတွက် အခြားလူတွေနဲ့ခွဲပြီးသီးခြားနေခိုင်းလိမ့်မည်။ ပြီးတော့ လူနာကိုနီးကပ်စွာ ထိတွေ့သူတွေအတွက်လဲ Q ပြုလုပ်ရန် ထိုင်းနိုင်ငံကျန်းမာရေးဌာနက တိုက်တွန်း လိမ့်မည်။

  

ရောဂါကိုမကူးစက်အောင်ဘယ်လိုကာကွယ်ရသနည်း။? 

ကွန်ဒုံးအသုံးပြုခြင်းသည် ရောဂါကူးစက်ခြင်းကို လုံး၀မကာကွယ်နိုင်ပါလို့ ဦးစွာပြောကြားလိုပါသည်။ ကာကွယ်နိုင်သည့်နည်းလမ်းကတော့ 

  • လူနာကိုနီးကပ်စွာထိတွေ့သူဖြစ်ပြီး လက္ခဏာ အနည်းငယ်ရှိသူများနှင့် ခပ်ခွါခွါရှောင်ကြည်ရန်။ 

  • ရောဂါပိုးရှိသူများနှင့် ဥပမာအဝတ်အစား၊ မျက်နှာသုတ်ပုဝါနှင့် အိပ်ယာ ခင်းများ အတူမျှဝေသုံးစွဲမှုများကို ရှောင်ကြည်ပါ။ 

  • လိင်ဆက်ဆံဖော်များသည့်အမူအကျင့်၊ကိုယ်နဲ့မရင်းနှီးမသိကျွမ်းသောသူများနှင့် နီးကပ်စွာနေပြီးထိတွေ့ ဖြစ်စေသောအပြုအမူ များကိုရှောင် ကြည်ပါ။

  

ကာကွယ်ဆေးရှိပါသလား။? 

ဟုတ်ကဲ့ ရှိပါတယ်။ ကျောက်ပေါက်ကာကွယ်ဆေးသည် မျောက်ကျောက်ရောဂါ ကိုလည်း ကာကွယ်ပေးနိုင်သည်။ သို့ သော်လက်ရှိအချိန်တွင်ထိုင်းနိုင်ငံမှာမရရှိသေးပါ။

အကယ်၍ သင်သည် ၁၉၄၇ ခုနှစ်မတိုင်ခင် မွေးဖွားသည့်သူဖြစ်ပြီး သင့် ခန္ဓာတွင်လဲ အမာရွတ်ရှိနေပါက ကျောက်ပေါက်ကာကွယ်ဆေး ထိုးထား ပြီးသူဖြစ်ပြီး ကျောက်ပေါက်ကာကွယ်ဆေးကို နောက်ထပ်တချောင်းထိုး ရန်သာလိုတော့သည်။ ဒါမှမဟုတ် ကာကွယ်ဆေးကို တလစီခြားပြီး ထိုး ဆေး ၂ လုံးထိုးရပါမည်။

 

  

ဒီပုံတွင် ကာကွယ်ဆေးထိုးပြီးနောက် တွေ့ရသောအမာရွတ်ပုံစံလေးပါ။ 

bottom of page