top of page

အသည်းရောင် အသား၀ါ စီပိုး ဆိုသည်မှာ အဘယ် နည်း။?

အသည်းရောင် အသား၀ါရောဂါသည် ပိုး ကူးစက် ခြင်းကြောင့် အသည်း ရောင်ယမ်းခြင်း ဖြစ်သည်။ ဤစီပိုးကြောင့် အသည်း ထိခိုက်ခြင်း နှင့် နာတာ ရှည် ရောဂါအဆင့်ထိ နှစ်မျိုးလုံး ဖြစ်စေနိုင်သည်။ စီပိုး ကူးစက်ခံသော လူကြီးပိုင်းတွင် ဘ၀တသက် လုံး နာမကျန်း ဖြစ်ပြီး အသည်း ကင်ဆာဖြစ်စေနိုင် သည့် ပြင်းထန်သော အခြေအနေအဆင့်အထိ မကြခဏ ဖြစ်တတ်ပါသည်။

 

ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အသည်းရောင် စီပိုး ကူးစက်ခံထားသူ သန်း ၅၈ ယောက်ရှိပြီး တနှစ် တွင် အသစ် ကူးစက်ခံရသူ ၁.၅ သန်းရှိသည်။

ကူးစက်ခြင်း

အသည်းရောင် အသား၀ါ စီပိုးသည် သွေးမှ တဆင့် ကူးစက်စေနိုင်သည်။

အသည်းရောင် အသား၀ါ စီပိုးကို သွေးထဲ၌ တွေ့ရ သည်။ ကူးစက်မှုကို များသောအားဖြင့် ပိုးကူးစက် ထားသော သွေးထိတွေ့ခြင်းမှ ကူးစက်တတ် ပါ သည်။:

  • လုံခြုံမှုမရှိသော မူးယစ်ဆေးထိုးသွင်းခြင်း သို့ လုံခြုံမှုမရှိသော ကျန်းမာရေးပြုစုခြင်း - ဟူသည်မှာ မသန့်ရှင်းသော အပ်ချောင်း များ၊ ဆေးထိုးပြွန်များ သို့ အခြား ပစ္စည်း ကိရိယာများ ဥပမာ ပိုးကူးစက်ခံထားသူ အသုံးပြုထားသည့် ဆေးထိုးပြွန်များ သို့  အပ်ချောင်းများကို သွေးကြောထဲသို့ မူး ယစ်ဆေး၀ါး ထိုးသွင်းမိခြင်း။ ကျန်းမာရေး ၀န်ဆောင်မှု ပေးသည့် နေရာတွင် ပိုးသန့် စင်ခြင်း မပြုသည့် ဆေးထိုး ကိရိယာများ သုံးစွဲခြင်း ဖြစ်သည်။

  • စစ်ဆေးမှု မရှိပဲ သွေးလက်ခံခြင်း (အရင်း တုန်းက သွေးလှူတဲ့အခါ သွေးထဲ၌ အ သည်းရောင်အသား၀ါ စီပိုးကို စနစ်တကျ စစ်ဆေးမှုမပြုလုပ်ပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ ကို သွေးလှူတဲ့အချိန် သွေးနမူနာကို စနစ် ကျကျ စစ်ဆေးမှုပြုလုပ်လာတာ ဆယ်စု နှစ် ၂ ခု ကြာနှင့်နေပြီ။)

  • ပိုးရှိသော သွေးကို ထိတွေ့စေနိုင်သည့် လိင်ဆက်ဆံခြင်း။

  • ပိုးကူးစက်ခံထားသော မိခင်မှ ကလေး ဆီသို့ ကိုယ်၀န်ဆောင်စဥ် သို့ မွေးဖွားစဥ် ကူးစက်ခြင်း။

 

ပိုးကူးစက်ခံပြီး ပြသောလက္ခဏများ

ပိုးကူးစက်ခံပြီး ၂ ပတ် မှ ၆ လ အတွင်း လက္ခဏာ ဖြစ်ပေါ်တတ်သည်။ လူအများစုတွင် (၈၀ %) က ဘာလက္ခဏာမှ မပြပါ။ အကယ်၍ လက္ခဏာရှိ လာပါက ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အော့ အန်ခြင်း၊ အသား၀ါခြင်း ဆက်စပ်မှုရှိခြင်း (သို့) မရှိခြင်း ကြောင့် အစာစားလိုစိတ်မရှိခြင်း ဖြစ် တတ်ပါသည်။ ထို့အပြင် နာတာရှည် အသည်း ရောင် စီပိုးရောဂါ၏ နောက်ဆက်ဆိုးကျိုးများသည် အသည်းကို ပျက်စီးပြီး ပြင်းထန်သော ရောဂါ ဖြစ်လာနိုင်သည်။

 

ကာကွယ်ခြင်း

အသည်းရောင် အသား၀ါ စီပိုးသည် များသောအား ဖြင့် လက္ခဏာမပြတော့ လူတွေက ရောဂါကူးစက် မှန်း မသိကြပါ။ ဒါကြောင့် သူတို့က ပိုးတွေကို အ ခြားသူဆီသို့ ကူးစက် ပျံ့နှံ့သွားစေခြင်းမှန်း မသိပါ။ လက်ရှိအချိန်ထိ အသည်းရောင် အသား၀ါ စီပိုးကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိသေးပါ။ ထို့ ကြောင့် ဘယ်သူက အသည်းရောင် အသား၀ါစီပိုး ဖြစ်တယ်ဆိုတာ မသိနိုင်ပါ။ သည့်အပြင် အန္တရာယ် များသည့် ကူးစက်ပျံ့နှံ့စေနိုင်သော အရာကို လျှော့ ချနိုင်ဖို့ ပိုးပါသော သွေးစွန်းခံထားသည့် ကိရိယာကို အသုံးပြုရန် ရှောင်ကြဉ်ခြင်း နှင့် လိင်ဆက်ဆံချိန် တွင် ကိုယ့်ကိုကိုယ် ကာကွယ်မှုပြုလုပ်ပါ။

 

ကုသခြင်း

ကူးစက်မှု အများစုသည် နာတာရှည် ရောဂါကူး စက် ခြင်းဖြစ်သည်။ ပြင်းထန်သော ပိုးကူးစက်ခြင်း နှင့် နာတာရှည် ပိုးကူးစက်ခြင်း နှစ်မျိုးစလုံးအတွက် ကု သမှုသည် တူညီသော ဆေး၀ါးဖြင့် ကုသသည်။ လက်ရှိအချိန်တွင် ရပ်တန့်ဆေးဖြင့် ၃ လ အတွင်း ပိုး ပျောက်ကင်းအောင် ကုသသည့်နည်းလမ်းကို ပို မို အသုံးပြု လာပါသည်။ အသည်းခြောက် ဖြစ် နေသည့် လူတွေကတော့ ကုသချိန် ၆ လ အထိ ကြာ မြင့်နိုင်သည်။   

bottom of page