top of page

အေ့စ်အိုင်ဗွီ ဆိုတာပါလဲ?

HIV ဆိုသည်မှာ "Human Immunodeficiency Virus".

စကားလုံး၏ အတိုကောက်ဖြစ်ပါသည်။ “immunodeficiency” ဆိုသည့် စကားလုံး၏အဓိ ပါယ်သည် ခုခံအားကို လျှော့နဲအောင်စေ ပျတ်ဆီး သောစနစ်ဖြစ်သည်။ အဆိုပါ ခုခံအားသည် ခန္ဓာ ကိုယ်မှ ၀င်ရောက်လာသော ကူးစက်ခံရောဂါ များ ကို တိုက်ဖြတ် စေနိုင်သည်။ HIV ပိုး ကူးစက်ခံ ရ သူသည် ခုခံအားကို တဖြည်းဖြည်း လျှော့နည်း စေပြီး ၀င်ရောက်လာသော ကူးစက်ခံ ရောဂါများဖြစ်သည့် ကင်ဆာရောဂါကို ဖြစ်စေနိုင်သော အဆုတ်ထီပီ ရောဂါကဲ့သို့  မတိုက်ခိုက် နိုင်တော့သည့် အချိန်အ နေတွေကို  "Acquired Immune Deficiency Syndrome" ဟု ကိုယ်ခံအားကျဆင်းစေသည့် အေ့စ်ရောဂါလို့ပေါ် သည့် AIDS စကားလုံး၏ အဓိ ပ္ပါယ်ဖြစ်သည်။ အဆိုပါ အေ့စ်ရောဂါ အဆင့်တွင် HIV ပိုး ကူးစက်ပြီး  မည့်သည်ကုသမှုမျိုး မှ လက် ခံရရှိမှု မရှိသော သူတွေပေါ၌ ဖြစ်စေနိုင်သည်။ မျက်မှောက် အချိန်တွင် HIV ပိုး ဖြစ်ပြီး ကုသမှု စတင် ရရှိသော သူတွေထဲ၌ သာမန်လူကဲ့သို့  မည်သည့်ရောဂါအမျိုးအစားမှ မခံစားရပဲ ပုံမှန် ဘ၀ရှိသည်ကို တွေ့ရသည်။

 

HIV ပိုး ကူးစက်ခံရလျှင် ဘာတွေဖြစ်ပေါ်နိုင်သလဲ?

ပိုးကူးစက်ခံရပြီးနောက် lymphocytes CD4 ဟုခေါ် သော ပိုးက များသောအားဖြင့် သွေးထဲ၌ ဆဲလ် အ ချို့ တွေကို ပိုးကောင်ရေ တိုးပွားအောင် ပြုလုပ်သည်။ ပိုးကူးစက်ခံရပြီး ၂-၃ ပတ် ကာလအတွင်း ပိုးစက်ခံသောသူတချို့ တုတ်ကွေး ရောဂါကဲ့သို့ ဖျားနာသည့် ခံစားမှုဖြစ်ခြင်း (ခံတွင်းပြတ် အစာ စားလိုစိတ် မရှိခြင်း၊ အဖျားရှိခြင်း၊ ခေါင်းကိုက် ခြင်း၊ ကိုက်ခဲခြင်း စသဖြင့်) ယားယံခြင်း၊ လည် ချောင်းနာခြင်း (သို့) အကြိတ်ယောင် ခံစားသည့် လက္ခဏာရှိခြင်း။ နောက်ပိုင်းတွင် နှစ်လချီ လက္ခဏာ အနည်းငယ် (သို့) ပြင်းထန်သော လက္ခဏာ ရှိနိုင်လိမ့်မည်။ ဒါအပြင် ပိုးက ကိုယ်ခံ အားကို အားနည်းအောင် တောက်လျှောက် တိုက်ဖြတ် သည့်အတွက် အခြားပိုး ကူးစက်မှုနှုန်း ပိုမိုတိုးမြှင့် ခြင်း နှင့် ကင်ဆာရောဂါဖြစ်နိုင်ပါသည် လူတယောက် တွင် ပိုးရှိ မရှိ သိနိုင်အောင် လွယ်ကူစွာ စစ်ဆေးသိ ရှိနိုင်ပါသည်။  မြန်မြန်သိရှိနိုင်လျှင် မြန်မြန်ကုသမှု စတင်ပြီး နာမကျန်းစေသည့် အခွင့်အလမ်း နည်းပါးစေ နိုင်သည်။

 

HIV ကူးစက်ခြင်း

ဗိုင်းရပ်ကို ကူးစက်ပျံ့နှံ့စေသည့် နည်းလမ်း ၃ ခု မှာ:

  • အကာအကွယ်မသုံးပဲ လိင်ဆက်ဆံခြင်း (မွေးလမ်းကြောင်း? စအိုပေါက်) မှတဆင့် ပိုး ကူးစက် ပျံ့ပွားခြင်း။

  • ပိုးရှိသော မိခင်မှ ကလေးသို့ ကိုယ်၀န် လွယ်စဉ်၊ မွေးဖွားစဉ် နှင့် ကလေးကို မိခင် နို့တိုက်ကျွေးခြင်း။

  • ပိုးရှိသော သွေးမှတဆင့် (ဥပမာ အိပ်ချ် အိုင်ဗွီပိုးရှိသောသူ အသုံးပြုပြီးသော ဆေး ထိုးပြွန် နှင့် အပ်ချောင်းကို အသုံးပြုမိခြင်း၊ ခွဲစိတ်ခန်းထဲ၌ အသုံးပြုပြီးသော ကိရိယာ များကို ပိုးသန့်စင်ခြင်းမပြုပဲ အသုံးပြုခြင်း ပိုးရှိသောသွေးကို လက်ခံရရှိခြင်း)

 

စစ်ဆေးခြင်း နှင့် ရောဂါရှာဖွေခြင်း

အကယ်ဤ လူတယောက်ဟာ သူ/သူမ မှာ အိပ်ချ် အိုင်ဗွီပိုး ကူးစက်ခြင်းရှိ မရှိ သိနိုင်သော နည်းလမ်း တခုက သွေးစစ် ဆေးခံယူ ရန်ဖြစ်သည်။ လက်ရှိ အချိန်တွင် သွေး စစ်ဆေး ခံယူရန်အတွက် ထိုင်းနိုင် ငံရှိ ဆေးရုံများ၊ ဓါတ်ခွဲခန်းများ စျေးနှုန်းသက်သာ ပြီး လွယ်ကူစွာ ၀င်ရောက် စစ်ဆေး နိုင်ပါသည်။ အချို့သော လူထု အခြေပြု အဖွဲ့အစည်းများ နှင့် ဆေးဆိုင်များ ကိုယ်တိုင် စစ်ဆေးလို့ရသော သွေးစစ်ကိရိယာများလည်း ချိုသာစွာ ရောင်းချပေးနေပါသည်။

ကျန်းမာရေးကဒ် ရှိသော သူတွေအတွက် သင်စာရင်း တင်ထားသော ဆေးရုံတွင် အိပ်ချ်အိုင်ဗွီပိုး ရှာဖွေ ရန်အတွက် တနှစ်မှာ ၂ ကြိမ် သင် သွေးအခမဲ့ စစ် ဆေးနိုင်ပါသည်။

HIV စစ်ဆေးနည်းသည် များသော အားဖြင့် ပိုးကို ခုခံတဲ့ ပဋိပစ္စည်း antibodies ကို စစ်ဆေးပါသည်။ အကယ်၍ HIV ကို ခုခံသည့် ပဋိပစ္စည်းကို ရှာဖွေ တွေ့ရှိပါက အပေါင်းလက္ခဏပြပြီး၊ မတွေ့ပါက အနုတ်လက္ခဏာ ပြပါမည်။ ပိုး ကူးစက်ခံပြီး  ၂-၃ ပတ် ခန့်ကြာ သွေးထဲတွင် ပဋိပစ္စည်းထုတ်လုပ် မည်။ ထိုအချိန် စစ်ဆေး ခဲ့ပါက ပိုးတွေ့နိုင်မည် မ ဟုတ်ပါ။ ဤကာလကို window period ဟုခေါ် တွင်သည်။ စစ်ဆေးရင်လဲ အနုလက္ခဏာ ပြမည် အဘယ်ကြောင့် ဆိုတော့ ပိုးကူးစက်ခံတာ သိပ်မ ကြာသေးလို့ ပါ။ ရလဒ်ကို အတည်ပြုရန် အခုလို ပိုး ကူးစက်ခံထား မကြာသေးသည့် သူတွေအတွက် နောက် ၂-၃ ခန့်ကြာရင် ထပ်မံ စစ်ဆေးမှုခံယူရန် တိုက်သွန်းပေးပါ။ ဒါပေမဲ့ ပိုးအသစ် ထပ်မံမကူး စက်ခံအောင် လိုအပ်သည်။

ကာကွယ်ခြင်း

၁. HIV ရရှိခြင်းမှ ကာကွယ်ခြင်း (ပိုးမကူးစက် သေးသော သူများအတွက်)

HIV ပိုးရရှိခြင်းမှ ကာ ကွယ်သော နည်းလမ်းများ အမျိုးမျိုးရှိပါသည်။:

  • အမျိုးသား (သို့) အမျိုးသမီး ကွန်ဒုံး အသုံး ပြု ခြင်းသည် လိင်ကြောင့်ကူးစက်တတ် သော အခြားရောဂါများ လဲ ကာကွယ်နိုင် သည်။

  • အသုံးပြုပြီးသော ဆေးထိုးပြွန် နှင့် ဆေး ထိုးအပ်များ မည်သူတဦးတယောက်က ပြန်လည် အသုံပြုခြင်း၊ အခြားသူများနှင့် မျှ​၀ေသုံးစွဲမှု မရှိခြင်း။ 

  • ပိုးမကူးစက်အောင် ကြိုသောက် သော ဆေး (PrEP) - ဒီဆေးသည် HIV ပိုး ကူးစက်မှု လျှော့နည်းအောင် HIV ကူးစက်နိုင်ခြေ မြင့် မားပြီး ပိုး မကူးစက် သေးသောသူ အတွက်သာ ဆေးကို သောက်သုံးသည်။ 

  • (PEP) ပိုးထိတွေ့ပြီး သောက်သောဆေး - ပိုးကူးစက်နိုင်ခြေ လျှော့ကျစေရန်အတွက် HIV ပိုး ထိတွေ့ခံပြီး ၇၂ နာရီ အတွင်း ဤ ဆေးကို အတတ်နိုင်ဆုံး အမြန်ဆုံးသောက် ပေးပါ။d

  • ဆန္ဒအလျှောက် အမျိုးသား လိင်တံထိပ် ဖျား အရေပြား လှီးခြင်း - လိင်တံထိပ်ဖျား အရေပြား လှီးဖြတ်သော အမျိုးသားများ သည် အိပ်ချိအိုင်ဗွီ ကူးစက်နိုင်ခြေ နည်းပါး သည်။

 

၂. (HIV ပိုး ကူးစက် ခံရသူများ) အခြား သူများ ဆီ သို့ ကူးစက်ခြင်းမှ ကာကွယ်ခြင်း။

  • ကွန်ဒုံးကို အသုံးပြုခြင်း။

  • (ရပ်တန့်ဆေးကို အသုံးပြုပြီး) ထိရောက် သော အိပ်ချ်အိုင်ဗွီ ကုသခြင်း - ဆိုသည် မှာ ဗိုင်းရပ်ကို ထိရောက်စွာ ထိန်းချုပ်နိုင် သည့်အချိန်ကိုရောက်ရင် အခြားလူဆီသို့ ပိုး ကူးစက် ပျံ့နှံ့စေနိုင်သည့် အန္တရာယ်ကို သိပ်မရှိတော့ပါ။ ထိရောက်သော ကုသမှု ဟုတ် မဟုတ် စစ်ဆေးရန်အတွက် (ဗိုင်း ရပ်ကို ထိန်းချုပ်နိုင်ခြင်း) နှင့် သွေးထဲ မှာ ပိုးကောင်ရေကို စစ်ဆေးလိုက်တဲ့အခါ “ပိုးမတွေ့ခြင်း” (သတ်မှတ်ထားသော ပမာ ဏထက် ပိုးကောင်ရေနည်းခြင်း) ဖြစ်သည်။)

  • မိခင်မှ မွေးကင်းစ ကလေးသို့ အကောင်း ဆုံး ကာကွယ် နိုင်သည့် နည်းလမ်းသည် ရပ်တန့်ဆေး သောက်သုံးခြင်းဖြစ်သည်။ ဒီအစီအစဥ်သည် ထိုင်းနိုင်ငံအတွင်းရှိ မိခင် နှင့် မွေးကင်းစ ကလေးတွေ အတွက် အသုံးပြုနိုင်သည်။

 

HIV ကုသခြင်း

မျက်မှောက်ကာလတွင် ခန္ဓာကိုယ် အတွင်းရှိ ဗိုင်း ရပ်ဟုခေါ် သော ပိုးတိုးပွားမှုများ နှိမ်နင်းနိုင်သော ကုသမှုသည် ရပ်တန့်ဆေး သောက်သုံးခြင်းဖြစ် သည်။ ဤကုသနည်းသည် ခုခံအားစနစ် ပြောင်းလဲ ခြင်းကို ဟန့်တားပေးသည့်အတွက် ရပ်တန့်ဆေးကို သောက်သော HIV ပိုး ကူးစက် ခံရသူများ သာမန်လူ ကဲ့သို့ ပုံမှန်ဘ၀ကို နေထိုင်နိုင်သည်။

ဤကုသနည်းတွင် ရပ်တန့်ဆေးကို တလုံး တည်း ဖြစ်အောင် ဆေးအများအပြား ပေါင်းစပ်ထားပြီး တနေ့လျှင် တကြိမ် သို့ နှစ်ကြိမ် သောက်သုံးရ သည်။ သို့ပေမဲ့လည်း ကနေ့အချိန်ထိ ခန္ဓာကိုယ် အတွင်းရှိ သောပိုးကို လုံး၀ ပျောက်ကင်းသွားအောင် ဖယ်ရှား ပေးနိုင်သော ကုသနည်း မရှိသေးပါ။

 

 

 

bottom of page